NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံ

နိုဝင်ဘာ ၁၄ ရက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများအား ယနေ့နံနက် (၁၁)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ်တွင် ဝန်ကြီးချုပ်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအတွင်း ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Show More

Related Articles

Back to top button
Close