NewsRegionWorkshop

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ပါတီတွင်း အလုပ်ရုံဆွေး‌နွေးပွဲ ကျင်းပခြင်း

၂၄ နို၀င်ဘာ ၂၀၁၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့မှ ကြီးမှူး၍ ခရိုင်အမှုဆောင်အဖွဲ့နှင့် မြို့နယ်အမှုဆောင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်သော လှည်းကူးမြို့နယ် ဖေါင်ကြီးဒေသ ဥယာဉ်ဝကျေးရွာ (ဟိုင်းကူးအုပ်စု)ပါတီတွင်း လူထုအကျိုးပြု နိုင်ငံရေး ဆွေးနွေးပွဲကို ယနေ့တွင် ကျင်းပခဲ့သည်။ ၎င်းဆွေးနွေးပွဲကို နံနက်(၉း၀၀)တွင်စတင်ခဲ့ပြီး လှည်းကူးမြို့နယ် အတွင်းရှိ
ဟိုင်းကူး ကျေးရွာ(၁၄)အုပ်စုမှရပ်/ကျေး အမှုဆောင်များလူငယ်လုပ်ငန်းအဖွဲ့ဝင်များ အမျိုးသမီးလုပ်ငန်း ကော်မတီဝင်များနှင့် စုစု ပေါင်း အင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကာ ညနေ(၄း၃၀)နာရီတွင် အလုပ်ရုံဆွေးနွေးပွဲပြီးဆုံးခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ရန်ကုန်တိုင်း ဥက္ကဌနှင့် တိုင်း/ခရိုင်အလုပ်အမှုဆောင်များ တက်‌ရောက်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

Show More

Related Articles

Back to top button
Close