Headline NewsNewsRegion

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယားဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံတွေ့ဆုံပွဲနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်

ဘူဆန် နိုဝင်ဘာ ၂၆

ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ ASEAN-ROK Startup Summit and Innovation Showcase 2019 ဖွင့်ပွဲအခမ်းအနား၊ မြန်မာ-ကိုရီးယားနှစ်နိုင်ငံတွေ့ဆုံပွဲနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပွဲ အခမ်းအနားတို့သို့ တက်ရောက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ် တွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးနှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့ရှိ BEXCO Convention Hallသို့ ရောက်ရှိရာ ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ် ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ၊ အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ-ကိုရီးယားဆွေးနွေး ဖက်ဆက်ဆံရေးနှစ်(၃၀)ပြည့်အထိမ်းအမှတ်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး ပြီးခဲ့သည့် နှစ် (၃၀) ကာလအတွင်း အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအား ပြန်လည်သုံး သပ်ပြီး အနာဂတ်ကာလတွင် မိတ်ဖက်သစ်ဆက်ဆံရေး တိုးမြှင့်နိုင်မည့် အလားအလာများနှင့်စပ်လျဉ်း၍ဆွေးနွေးသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN-ROK Startup Summit and Innovation Showcase 2019 ဖွင့်ပွဲ အခမ်း အနားသို့တက်ရောက် သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ ASEAN-ROK Startup Summit and Innovation Showcase 2019 ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ၊ အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ Innovation Showcase 2019 ပြခန်း၌ ပြသထားသည့် တီထွင်ဖန်တီးမှုအသစ်များအား လိုက်လံ ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ Nurimaru APEC House ၌ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကျင်းပသည့် အာဆီယံ-ကိုရီးယား ခေါင်းဆောင်များ သီးသန့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ Westin Chosun ဟိုတယ်၌ ကျင်းပသည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံတွေ့ ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ဆက်လက်တိုးတက်ခိုင်မာရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့်   ကိုးရီးယားသမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူခဲ့သည့်ကိစ္စရပ်များ အကောင်အထည်ဖော်ရာ၌ တိုးတက်မှု အခြေ အနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ များ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံမှု ပိုမိုတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်     ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း တို့ရှေ့မှောက်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ကိုရီးယားသမ္မတနိုင်ငံ ပင်လယ်သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Mr. Moon Seong-Hyeok တို့က “ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန် လွှာ” ကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နှင့် ကိုရီးယားသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး Mrs. YooEun Hea တို့က “အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပူးပေါင်းဆောင် ရွက်ရေးနာလည်မှု စာချွန်လွှာ”ကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်နှင့် ကိုရီးယားသမ္မတနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး Mr. Cho Myung –Rae တို့က “သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ” ကိုလည်းကောင်း လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လှဲလှယ်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ရှိ ASEAN Culture House သို့ ရောက်ရှိပြီး ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်း နှင့် ဇနီး ကင်မ်ဂျောင်းဆု၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ထိုင်းနှင့်မြန်မာနိုင်ငံတို့မှ ပြသထားသည့် ယဉ်ကျေးမှု ပြခန်းများအား လိုက်လံကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတနှင့်ဇနီးတို့က မဲခေါင်ဒေသနိုင်ငံများမှ ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့် ကြိုဆိုနှုတ်ဆက် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

ညစာမသုံးဆောင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ နှင့်ဇနီး၊ မဲခေါင်ဒေသနိုင်ငံများမှ အစိုးရအဖွဲ့အကြီးကဲများနှင့် ဇနီးများနှင့်အတူမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။

Show More

Related Articles

Back to top button
Close