NewsRegion

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီမှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ လေ့လာရေးခရီး သွားရောက်

ရန်ကုန် ၊ ဒီဇင်ဘာ လ ၂ ရက် ၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီသည် ၂၆.၁၁.၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ သွားရောက်လေ့လာခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမငယ်၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ဥပဒေများလေ့လာသုံးသပ်ပြင် ဆင်ရေးဆွဲရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးကော်မတီတို့နှင့် တွေ့ဆုံခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်မှုများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးတင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်သဲစုဝေ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်အောင်(ခ)ဦးတင့်ဆွေ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မောင်(ခ) ဦးဇော်မောင်မောင်နှင့်ကော်မတီမှအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

Show More

Related Articles

Back to top button
Close