NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့်ပွဲတော် အထိမ်းအမှတ် အကြို(၅) နိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ သွားရောက် ကြည့်ရှုအားပေး

ဒီဇင်ဘာ ၁ ရက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ယနေ့မွန်းလွဲ ၃ နာရီက ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ တက္ကသိုလ်များဘောလုံးကွင်းတွင် ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့်ပွဲတော်အထိမ်းအမှတ်အကြို (၅)နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်သို့သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အတူ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အငြိမ်းစား တက္ကသိုလ် ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားဟောင်းများ ကြည့်ရှုအားပေးခဲ့ကြသည်။

(၅) နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်တက္ကသိုလ် လက်ရွေးစင် ကျောင်းသားဟောင်းများ ဘောလုံးအသင်းနှင့် ထိုင်းနိုင်ငံ ထိုင်းတက္ကသိုလ် လက်ရွေးစင် ကျောင်းသားဟောင်းများ ဘောလုံးအသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တက္ကသိုလ်လက်ရွေးစင်​ ကျောင်းသားဟောင်းများအသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

Show More

Related Articles

Back to top button
Close