NewsRegion

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေး အမှတ်စဥ်(၉၀/၂၀၁၉)အား ကျင်းပပြုလုပ်

ရန်ကုန် ၊ ဒီဇင်ဘာလ ၂ ရက် ၊ ၂၀၁၉ခုနှစ်

ဒီဇင်ဘာလ ၂ရက် (တနင်္လာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်အထိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ဥပဒေကြမ်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ၂၀၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ပူးပေါင်း အစည်းအဝေးတစ်ရပ်ကိုကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Show More

Related Articles

Back to top button
Close