NewsWorkshop

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့မှ ကြီးမှူးပြီး အင်းစိန်မြို့နယ်တွင် ပါတီတွင်း အလုပ်ရုံဆွေးနွေးပွဲ  (ဒုတိယအကြိမ်) ကျင်းပ

၁၉ ဇန်န၀ါရီ ၂၀၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းအလုပ်အမှုဆောင် အဖွဲ့မှ ဦးဆောင်၍ ခရိုင်များမှပူးပေါင်းပါဝင်ဆောင်ရွက်သော မြို့နယ်များအလိုက် (ဒုတိယအကြိမ်)ပါတီအတွင်း အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပလျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကားကို ရန်ကုန်တိုင်း အလုပ်အမှုဆောင် ဥက္ကဌ ဦးမြင့်ဌေး မှပြောကြားခဲ့ပြီး‌ ဆွေးနွေးပွဲကို တိုင်းအမှုဆောင်များ၊ ခရိုင်အမှုဆောင်များ၊ ၎င်းမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်းအဖွဲ့ဝင်များ၊ အမျိုးသမီးလုပ်ငန်း ကော်မတီဝင်များနှင့် ရပ်/ ကျေး အလုပ်အမှုဆောင်များ စုစုပေါင်း အင်အား (၉၀)ဦး ကျော်တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ် အနန္တဂုဏ်ရည်ကျောင်းတိုက်(ထန်းပင်ကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button
Close