NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တော်ဝင်ခင်ဦး ကုမ္ပဏီလီမိတက် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ဇန်နဝါရီ ၂၄ ရက်


‌ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တော်ဝင်ခင်ဦးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ယနေ့ နံနက်(၉)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ဝန်ကြီးချုပ်အား အဆိုပါကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်း မော်တော်ယာဉ်ရောင်း ဝယ်ရေးနှင့် ညအိပ်ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ဖွင့်လှစ်မည့် စီမံကိန်း အစီအအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံရာတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Show More

Related Articles

Back to top button
Close