District & TownshipNews

လမ်းမတော်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ညှိုနှိုင်းအစည်းအဝေးသို့ တိုင်းကိုယ်စားလှယ်များ တက်ရောက်

ရန်ကုန် ဖေဖော်ဝါရီလ ၄ ရက် ၂၀၂၀ ခုနှစ်

ယနေ့ မွန်းလွှဲ ၃း၁၅ အချိန်မှ ညနေ ၄း၄၀အချိန်အထိ လမ်းမတော်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ တွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ညှိုနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်း အဝေးသို့ လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်အေးအေးမာနှင့် ဦးကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းတို့နှင့်အတူ မြို့နယ်စီမံကိန်းဦးစီဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာလွင်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူ များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Show More

Related Articles

Back to top button
Close