NewsRegion

(၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံကလေးများနေ့) အခမ်းအနားအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို)၌ ကျင်းပ

ရန်ကုန် ၁၃ ဖေဖော်ဝါရီ ၂၀၂၀

(၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံကလေးများနေ့) အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၌ နံနက်(၁၀:၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ကြပြီး အဖွဲ့ချုပ်အဖွဲ့ဝင်များ ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာအခမ်းအနား တွင် ဗဟန်းမြို့နယ်မှ စံပျိုမဒီမှ တပင်တိုင်အကဖြင့် ကပြတင်ဆက်ပြီး ဒေါက်တာ စိုးဝင်းဦး(Dr.Bio)မှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြောက်ဥက္ကလာပမြို့နယ်မှ ကလေးငယ်များမှအောင်ပါစေအက ဖြင့် လည်းကောင်း၊ သန်လျင်မြို့နယ်မှ ဦးရွှေရိုးနှင့်ဒေါ်မိုးအကဖြင့်လည်းကောင်း၊ ဒေဝစ္ဆရာအကဖြင့် ကပြတင်ဆက်ခဲ့ကြသည်။ဆက်လက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိ အမေးအဖြေကဏ္ဏ အစီအစဥ်နှင့် ကဗျာရွတ်ဆိုခြင်း အစီအစဥ်အား တက်ရောက် လာသော ကလေးငယ်များမှ ရွတ်ဆိုခဲ့ကြသည်။

Show More

Related Articles

Back to top button
Close