NewsRegion

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖွင့်ပွဲ ကျင်းပ

ဖေဖော်ဝါရီ ၁၃ ရက်

ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက် ဒဂုံတောင်ပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီး၊ ဝန်ကြီးချုပ်က အမှာစကားပြောကြား သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲတွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

Show More

Related Articles

Back to top button
Close