NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် TYTC Services Co., Ltd တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

ဖေဖော်ဝါရီ ၁၄ ရက်

‌‌ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် TYTC Services Co., Ltd မှ တာဝန်ရှိသူများအား ယနေ့ နံနက် (၁၀)နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ဝန်ကြီးချုပ်အား အဆိုပါကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ပုဂ္ဂလိက အမှိုက်သိမ်းဆည်း သယ်ဆောင်စွန့်ပစ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် အမှိုက်သိမ်းဆည်းသည့် စက်ကိရိယာများ ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Show More

Related Articles

Back to top button
Close