NewsRegion

ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအတွက် အကျိုးရှိစေမည့် GS1 Myanmar Barcode မိတ်ဆက်ပွဲ ကျင်းပ

ဖေဖော်ဝါရီ ၂၂ ရက်

မြန်မာနိုင်ငံတွင် မိမိထုတ်ကုန်များကို ကမ္ဘာ့အဆင့်မီလာစေရန် လုပ်ဆောင်မှု အဆင့်ဆင့်ထဲမှ Standard နှင့် အညီ နံပါတ်တပ်နိုင်ပြီး GS1 Myanmar Barcode အသုံးပြုခြင်းဖြင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေမည့် GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ UMFCCI ရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူ များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများအတွက် ကိုယ်ပိုင် Barcode ပြုလုပ်လိုသူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ လက်လီရောင်းချသူများ တက်ရောက်ခဲ့သည်။

GS1 Myanmar Barcode ဖြစ်ပေါ်လာစေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်မျာအသင်း မှ ကြီးမှူး၍ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ စားသောက် ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းမှုဖြင့် Myanmar Barcode Association (MBA)ကို ဖွဲ့စည်းခဲ့ကြောင်း၊ ပြည် တွင်း ထုတ်ကုန်ပစ္စည်းများတွင် GS1 Barcode အား မြန်မာ Prefix ဖြင့် လွယ်ကူစွာ ရယူသုံးစွဲနိုင်ရေးအတွက် GS1 Global အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်အရ Myanmar Barcode Association (MBA) ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ မေလတွင် Belgium နိုင်ငံရှိ GS1 Global Ofice (ရုံးချုပ်)၌ Myanmar Barcode Association (MBA)က မြန်မာနိုင်ငံအနေဖြင့် GS1 Member Organizat -ion အဖြစ် လျှောက်ထားခြင်းကို တူရကီနိုင်ငံ Istanbul မြို့တွင် ကျင်းပသော GS1 General Assembly ၌ တရားဝင် အသိအမှတ်ပြု ကြေညာခဲ့ကြောင်း၊ GS1 သည် Non-Profit Organization တစ်ခုဖြစ်ပြီး နိုင်ငံတွင် သုံးစွဲနေသော BarCode နှင့် ပတ်သက်၍ ဝန် ဆောင်မှုများ ပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းများ အချင်းချင်းဆက်သွယ်ရာတွင် ပိုမိုထိရောက်၍ စွမ်းဆောင်ရည် ပြည့်ဝစေရန်အတွက် Global Standards များအား ပံ့ပိုးကူညီနေသော အဖွဲ့အစည်းလည်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button
Close