NewsRegion

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လမ်းသွယ်(၂၉)လမ်းအား ကွန်ကရစ်လမ်းများ ခင်းပေးရန် လျာထား

ဖေဖော်ဝါရီ ၂၁ ရက်

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လမ်းသွယ်(၂၉)လမ်းအား ကွန်ကရစ်လမ်းများ ခင်းပေးရန် လျာထား ရေးဆွဲထားပြီးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ယနေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပသော လွှတ်တော်အရေးပေါ်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူနေများသော ရပ်ကွက်(၃၂)ရပ်ကွက်တွင် လမ်းခင်းရန် လိုအပ်သော မြေသားလမ်းပေါင်း (၆၀၀)ခန့်အား လာမည့် (၂၀၂၀-၂၀၂၁)ဘတ်ဂျက်တွင် ကွန်ကရစ်လမ်းများ ပိုမိုခင်းပေးနိုင်ရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့် စပ် လျဉ်း၍ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ လမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လမ်း မကြီး(၃)လမ်း၊ လမ်းသွယ်(၃၀)လမ်း၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် လမ်းမကြီး (၇)လမ်း၊ လမ်းသွယ်(၁၀)လမ်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လမ်းမကြီး(၃)လမ်း၊ လမ်းသွယ်(၂၂)လမ်း၊ ၂၀၁၈(ကြားကာလ)ဘဏ္ဍာရေးနှစ်တွင် လမ်းမကြီး(၅)လမ်း၊ လမ်းသွယ် (၆)လမ်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် လမ်းမကြီး(၄)လမ်း၊ လမ်းသွယ်(၃၆)လမ်းတို့အား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းမကြီး(၃)လမ်း၊ လမ်းသွယ်(၄၅)လမ်းတို့အား ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာလည်း လျာထားတာ လမ်းသွယ်(၂၉)လမ်း ပါရှိပါတယ်။ အဲ့ဒီ့လမ်းသွယ်(၂၉)လမ်းကိုလည်း ဘယ်လမ်းတွေ ပါဝင်မယ်ဆိုတာလည်း ရေးဆွဲထားပြီး ဖြစ်ပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)၏ တတိယနေ့ကို လာမည့် ဖေဖော်ဝါရီ(၂၄) ရက်၊ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်သည်။

Show More

Related Articles

Back to top button
Close