NewsRegion

Covid-19 ထိန်းချုပ် ကာကွယ်ရေးအတွက် Stay at home သတ်မှတ်ထားရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ လမ်းသွယ်များတွင် ကန့်သတ်ပိတ်ဆို့ တားမြစ်ခြင်းများ မရှိစေရေး ကွင်းဆင်းကြည့်ရှု

ရန်ကုန် ၁၂ စက်တင်ဘာလ ၂၀၂၀ ပြည့်နှစ်
==================================
စက်တင်ဘာလ ၁၂ ရက်နေ့ ည(၇:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့သည် Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် Stay at home သတ်မှတ်ထားရှိသော မြို့နယ်များအနက် ဗဟန်းမြို့ နယ်၊ ရန်ကင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်များ၏ ကမ္ဘာအေးဘုရားလမ်းတလျှာက်နှင့် ပြည်လမ်းတစ်လျှောက်ရှိ လမ်းသွယ်များတွင် အဝင်အထွက်များအား လမ်းအလိုက်၊ အပိုင်းအလိုက် ကန့်သတ်ပိတ်ဆို့တားမြစ်ခြင်းများ မရှိစေရေး၊ ရပ်ကွက်နေပြည်သူများ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ထုတ်ပြန်ထားရှိသော စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာလိုက်နာရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
Show More

Related Articles

Back to top button
Close