NewsRegion

Covid 19 နှင့်ပတ်သက်၍ တစ်ယောက် စည်းကမ်းလိုက်နာမှု အားနည်းပါက ကိုယ့်ပတ်၀န်းကျင် အများကြီးအန္တရာယ် ဖြစ်နိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသိပေးပြောကြား

ရန်ကုန် ၁၅ စက်တင်ဘာ ၂၀၂၀
=============================
Covid 19 နှင့်ပတ်သက်၍ တစ်ယောက် စည်းကမ်းလိုက်နာမှုအားနည်းပါက ကိုယ့်ပတ်၀န်းကျင် အများကြီးအန္တရာယ် ဖြစ်နိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၅ရက် နိုင်ငံအတွင်း Covid 19 ရောဂါ ပြန့်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံသည့်မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
” ၇၀ရာခိုင်နှုန်းလောက် ရောဂါရှိနေတဲ့သူတွေက ရောဂါလက္ခဏာ မပြပါဘူး။ အဲဒါကိုက တစ်နည်းအားဖြင့် အန္တရာယ်တစ်ခုပါပဲ။ ရောဂါလက္ခဏာမပြတဲ့အခါကြတော့ ကိုယ့်ကိုယ်ကို ရောဂါရှိတယ်လို့ မထင်ဘူး။ ကိုယ့်မိသားစုတွေ ကိုယ့်ဆီကနေကူးသွားနိုင်ပါတယ်။ အဲဒီတော့ အဲဒီထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေ ရှိနိုင်တယ်။ ရောဂါအခံရှိတဲ့သူတွေရှိနိုင်တယ်။ ဒါကြောင့်မို့ ကိုယ်တစ်ယောက်က နည်းနည်း စည်းကမ်းလိုက်နာမှုမှာ အားနည်းတယ်ဆိုရင် ကိုယ့်ပတ်၀န်းကျင်အတွက် အများကြီးအန္တရာယ်ဖြစ်နိုင်ပါတယ်”ဟု ၄င်းကပြောသည်။
Covid 19 ကူးစက်ပြန့်ပွားမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊လှိုင်မြို့ နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း ၊ လှိုင်သာယာမြို့နယ်တို့တွင် ပိုးတွေ့လူနာများ ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် Covid 19 ဓါတ်ခွဲ အတည်ပြုလူနာ စက်တင်ဘာ ၁၅ရက်အထိ ၃၂၉၉ဦး၊ သေဆုံးသူ ၃၃ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် Covid 19 ကုသမှုဌာနများအနေဖြင့် ဖောင်ကြီးသင်တန်းကျောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကုသရေးဌာနတို့တွင် ကုသပေးလျက်ရှိနေပြီး ကုသရေး ယာယီဆေးရုံဆောင်များကိုလည်း ထပ်မံတိုးချဲ့လျက်ရှိသည်။
Show More

Related Articles

Back to top button
Close